Local News

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ တရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း(Training in Chinese Language Proficiency) (ပထမအဆင့်) သင်တန်းဖွင့်လှစ်

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က Yunnan Commercial Representative Office ၏ ကူညီပံ့ပိုးမှုဖြင့် ကြီးမှူးဖွင့်လှစ်သည့် တရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း (Training in Chinese Language Proficency) (ပထမအဆင့်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့  ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ၊ Huaqiao University မှ ဒုတိယကျောင်းအုပ် Mr. Lin Hong Yu၊ Yunnan Commercial Representative Office မှ ညွှန်ကြားရေးမှူး Mr. Gao Wei နှင့်တကွ နည်းပြ ဆရာများ၊ တရုတ်- မြန်မာစီးပွားရေးနှင့်ယဉ်ကျေးမှုဖလှယ်ရေးစင်တာမှ တာဝန်ခံ Mr. Zhong Suai နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းကို မြန်မာ့ထွက်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်သို့ တိုးတက်တင်ပို့နိုင်ရန်နဲ့ ဈေးကွက်ချဲ့ထွင်နိုင်ရေး ဆောင်ရွက်ရာမှာ ဝန်ထမ်းများအနေနဲ့ ဘာသာစကားကို ကောင်းစွာ သိရှိနားလည်ပြောဆိုနိုင်ရန် လိုအပ်သည့်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာထမ်းများနှင့် အရာထမ်းငယ်များအား တရုတ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်စေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိပါသည်။

သင်တန်းသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သင်တန်းသား ( ၃၂ ) ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းသူ/သင်တန်းသားများကို တရုတ်ဘာသာ ကျွမ်းကျင်မှု အရည် အချင်းစစ်စာမေးပွဲ HSK Level အလိုက် ဖြေဆိုရန် ကူညီပံ့ပိုးမည်ဖြစ်ကြောင်းနှင့် တရုတ်အစိုးရ ပညာသင်ဆုများ ရရှိသည်အထိ စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News